ဖောင်းပြင်မြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး "ရေဘေးပညာပေးစာစောင်" များဖြန့်ဝေ

ဖောင်းပြင် သြဂုတ်၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့တွင် ပြည်သူများရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်သတိပြု လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ "ရေဘေးပညာပေးစာစောင်" များကို ယမန်နေ့နံနက်(၈)အချိန်က ဖောင်းပြင်မြို့စည်ပင်သာယာစျေးနှင့်ယာယီပျံကျစျေးတို့၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရေဘေးပညာပေးစာဆောင်တွင် " ရေဘေးအတွက် ကြိုတင် ပြင်ဆင်ရန်များ/ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ/ရေကြီးခြင်းဖြစ်ပေါ်နေချိန် လိုက်နာရန် အချက်များ/ရေကြီးခြင်းဖြစ်ပေါ် နေချိန်တွင်ရှောင်ရှားသင့်သည့် အချက်များ/ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ/ရေကြီးပြီးနောက် ရေှာင်ရှားသင့်သည့် အချက်များ/အရေးပေါ် ကြုံတွေ့လာပါက ယူဆောင်ရမည့်ပစ္စည်းများနှင့် သဘာဝေဘးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပတ်များစသည့်အချက်များပါရှိေကြာင်း သိရသည်။

အဆိုပါရေဘေးပညာပေး စာစောင်များဖြန့်ဝေခြင်းကို ဖောင်းပြင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။