ဝမ်းတွင်း၊ ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းPositive Centreများမှဆေးကုသမှုခံယူနေ သူများအနက် ယနေ့နံနက်ပိုင်းတွင် ကျန်မာရေးကောင်းမွန်လာသူ(၅၄)ဦးဆေးရုံးမှ ဆင်းခွင့်ရရှိ ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရသည်။
အဆိုပါကျန်မာရေးကောင်းမွန်လာပြီဖြစ်၍ဆေးရုံမှ ဆင်းခွင့်ရရှိသူများမှာစမုံကျေးရွာမှ(၂)ဦး၊ ကုလားကာကျေးရွာမှ(၂)ဦး၊ ရေတွင်း ကျေးရွာမှ(၄)ဦး၊ ဝမ်းတွင်း(၃)ရပ်ကွက်မှ(၂)ဦး၊ ကန်တိုကျေးရွာမှ(၂)ဦး၊ ကုန်းရွာကျေးရွာမှ(၁)ဦး၊သဲတော(၃)ရပ်ကွက်မှ(၃)ဦး၊ ကြပ်ကန် ကျေးရွာမှ (၃)ဦး၊ ဝမ်းတွင်း(၂) ရပ်ကွက်မှ(၂)ဦး၊ ရွာရှည်ကျေးရွာမှ(၂)ဦး၊ ရွာဟောင် ကျေးရွာမှ(၂)ဦး၊ ဂုဏ်ရွာကျေးရွာမှ(၁)ဦး၊ရေတွင်း ကျေးရွာမှ(၁)ဦး၊ အိုင်သာကျေးရွာမှ (၂၇)ဦးတို့ဖြစ်ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေသူများအနက် ယနေ့နံနက်တွင် ကျန်မာရေးကောင်းမွန် လာသူ(၅၄)ဦးမှာ ဆေးရုံမှဆင်းခွင့် ရရှိခဲ့ပြီး ၎င်းဆေးရုံမှ ဆင်းခွင့်ရရှိသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီနေအိမ်စောင့်ကြည့်(၇)ရက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်