မိုင်းလုံမြို့တွင်ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စု၊လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းအတွက်ဆက်သွယ်ရန် Call Center ဖွင့်လှစ်

မိုင်းလုံ ဩဂုတ်၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများ နှင့်ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး အတွက် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၁) ရက်နေ့ အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ပါ၍ မိုင်းလုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အိမ်‌ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများ ပြုလုပ်ရာတွင် အလွယ်တကူသိရှိ နိုင်ပါရန်နှင့် စုံစမ်း‌မေးမြန်း နိုင်ပါရန်  Call  Center (၀၉-၄၇၃၀၈၆၇၉)သို့ ဆက်သွယ်မေးမြန်း နိုင်ပါကြောင်း မိုင်းလုံမြို့  လူဝင်မှု  ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့ဦးစီးမှူးထံမှ သိရသည်။

(မြို့နယ်ပြန်/ဆက်)