တကောင်း ဩဂုတ် ၂၃
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊တကောင်းမြို့ရှိ အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ သီလရှင်များနှင့် ဆေးထိုးရန်ကျန်ရှိဝန်ထမ်းများ အား အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ သြဂုတ်လ ၁ ရက်နေ့မှ စ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ပေး ရာတွင် မြို့ပေါ်ရှိ ရပ်ကွက်( ၃ )ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စု မှ အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ သီလရှင်များနှင့် ဆေးထိုးရန် ကျန်ရှိသည့် ဝန်ထမ်းများအားကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေး၍ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဉီးစီးဌာနမှတာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ် ချုပ်ရေးမှူးများ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကာ ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက် နှင့် ကျေးရွာ(၅)အုပ်စုတို့မှ ဒေသခံပြည်သူ( ၁၁၂၂)ဉီးအား ထိုးနှံပေးပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီ ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)