မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း

မောက်မယ်     သြဂုတ်    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များ ရောဂါကူးစက်မှု မရှိစေရန်နှင့် ဆွမ်းကိစ္စများ အဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်၍ ဆရာဒါယကာကျောင်း သတ်မှတ်ထားသည့် မိုက်ဟုန်းရပ်ကွက်ရှိ မိုက်ဟုန်းဘုန်းတော်ကြီးကျောင်းကို မြို့နယ် သစ်တောဦးစီးဌာနက ယမန်နေ့တွင်လည်းကောင်း ဟိုလွိုင်ကျေးရွာအုပ်စု ဟန်နားကျေးရွာ နားလွယ်ဘုန်းတော်ကြီးကျောင်းကို မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့်  စဉ့်ဝင်ကျေးရွာအုပ်စု ၊ ရွာသစ်ကျေးရွာဘုန်းကြီး ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှဝန်ထမ်းများက စုပေါင်း၍ လှူဒါန်းဖွယ်ဝတ္ထုပစ္စည်းများအား ယနေ့နံနက် ၉နာရီက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဖွဲ့စည်းခွဲဝေ၍ ဆရာဒါယကာကျောင်းသတ်မှတ်ပြီး  လှူဒါန်းပူဇော်မှုများ ဆောင်ရွက်ပေးနိုင်ရေး ကော်မတီများဖွဲ့စည်းကာ ဆရာဒါယကာကျောင်းများသတ်မှတ်ပြီး ဌာနဆိုင်ရာတို့မှ လှူဒါန်းဖွယ်ဝတ္ထုပစ္စည်းများအား ယမန် နေ့ကစပြီး သွားရောက်လှူဒါန်းကာ ကျန်ရှိနေသေးသည့် ဘုန်းတော်ကြီးကျောင်းများ ကိုလည်း ဌာနဆိုင်ရာအဖွဲ့အစည်းများတို့က ဆက်လက်သွားရောက်ဆက်ကပ်လှူဒါန်း ပေးမည်ဖြစ်ကြောင်း  သိရသည်။

စိုင်းမျိုးသန့်( မောက်မယ်)