နတ်တလင်း ဩဂုတ် ၂၃
သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခုနှစ် Mini Budgetအတွက် နတ်တလင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ (ဒုတိယ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင် ရောင်းချပွဲကို ကျင်းပခဲ့သည်။
အဆိုပါ လိုင်စင်ရောင်းချပွဲသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ငွေ၊ အမှုဆောင်အရာရှိ ဦးကျော်မိုးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ စည်ပင်ဝန်ထမ်းများ၊ လိုင်စင်လျှောက်ထားသူများ တက်ရောက်ကြသည်။
နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၁/၂၀၂၂)ခုနှစ် Mini Budget အတွက် အရပ်ရပ်အခွင့်အရေးဆိုင်ရာလိုင်စင် (၅၃)ခုတွင် မြို့နယ်ဝင်ကြေးဘီး ကောက်မပါ (၅၂)ခုအား သက်တမ်းတိုးစနစ်၊ အညီအမျှခွဲဝေချထားစနစ်၊ စျေးပြိုင် စနစ်ဖြင့် (၁၆.၈.၂၀၂၁) ရက်နေ့တွင်(ပထမ)အကြိမ်ရောင်းချခဲ့ရာလိုင်စင်(၂၉)ခု အတွက် လိုင်စင်ရောင်းရငွေ(၄၂၇၇၇၀၀ဝိ/-) ကျပ်လေးရာနှစ်ဆယ့်ခုနှစ်သိန်းခုနစ်သောင်းခုနစ်ထောင်တိတိနှင့် ယနေ့(၂၃.၈.၂၀၂၁)ရက်နေ့တွင် (ဒုတိယ)အကြိမ် ရောင်းချခဲ့ရာ လိုင်စင်(၄)ခုအတွက် လိုင်စင်ရောင်းရငွေ(၂၄၇၈၀၀၀ိ/)ကျပ် နှစ်ဆယ့် လေးသိန်းခုနှစ်သောင်းရှစ်ထောင်တိတိ ရရှိပြီး ရောင်းရန်ကျန် လိုင်စင်(၁၉)ခု ရှိကြောင်းနှင့် တတိယအကြိမ်အား (၃၀.၈.၂၀၂၁)ရက်နေ့တွင် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင် အရာရှိထံမှ သိရှိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)