တံတားဦး ဩဂုတ် ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက်(၉)နာရီ က မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။
ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းပွဲတွင် တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကြောင့် ရက်ရှည်စွာ အစိုးရရုံးဌာနများ အနေဖြင့် ရက်ရှည်စွာပိတ်ထားပါကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုစားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်းအား သိရှိနိုင်စေရန်နှင့် ဝန်ထမ်းများအနေဖြင့် ရောဂါကြိုတင်ကွယ်နိုင်ရန် မလိုအပ်လဲ နေအိမ်မှ အပြင်မသွားကြရန်၊ မဖြစ်မနေ သွားလာရမည်ဆိုပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ လူစုလူဝေးများမပြုလုပ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာမှ ပြောဆိုနေထိုင်ကြရန် အစရှိသည့် တိတိကျကျ လိုက်နာကြရန်ပြေကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသီရွှေက မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အကြောင်းကိုရှင်းလင်း ပြောကြား သည်။
ဆက်လက်၍ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ(၃၃)ဦးအား တစ်ဦးလျှင်ကြက်ဥ အလုံး( ၂၀ )စီနှင့် ဆီ(၁)ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး)