ကျောက်ဆည် ဩဂုတ်၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကာလ ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့စဉ် ကျန်ရှိနေသော ထပ်တိုးမသန်စွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲက ချောင်းဆုံကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာနှင့် ရွှေဒါးကျေးရွာအုပ်စု၊ သာစည်လေး ကျေးရွာများမှ မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်၊ ရွှေဒါးကျေးကျေးရွာ ဦးဝင်းမင်းဦးနှင့် စာရေးဝန်ထမ်းတို့မှ မသန်စွမ်းသူ(၁၇)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၅၁၀၀၀၀)အား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုရှိရာ မသန်စွမ်းသူ (၁၀၅၅)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၁၆၅၀၀၀၀)အား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးဝန်ထမ်းများမှ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး