ထီးချိုင့် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ဧရာဝတီမြစ်ရေသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်(၆:၃၀)အချိန် တိုင်းထွာချက်အရ (၆၇၀) စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် (၇၄၀)စင်တီမီတာသို့ ရောက်ရှိရန် (၇၀)စင်တီမီတာ အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါမြစ်ရေသည် လက်ရှိရေအမှတ်၌ပင် မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများသို့ စတင်ဝင်ရောက်နေပြီဖြစ်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေအနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် ကျွဲ၊ နွားများအား ရေလွတ်သည့် ကုန်းမြင့်ဒေသများသို့ ကြိုတင်ရွှေ့ပြောင်းထားကြပါရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံအကြံပြု နှိုးဆော်ထားကြောင်း သိရပါသည်။
ရဲလင်းထွန်း