လှိုင်းဘွဲ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းအနေဖြင့် သွားလာရေးနှင့် စားသောက် ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့ညက ပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ထောက်ပံ့ငွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းသား များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခဲအခဲများရှိပါက ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကားဆီဖိုးနှင့် စားသောက်ရေး အဆင်ပြေစေ ရန်အတွက် ငွေကျပ်(၂၀)သိန်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။