ကျောက်တော် ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ကျောက်တော် မြို့နယ်အတွင်း၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ (COVID-19) ကူးစက်ပြန့်နှံမှုမှ အချိန်မှီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကွင်းဆက်ပြတ်တောက်မှု မရှိစေရေး၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ လူသုံးကုန် ဆေးပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် (၉) နာရီက မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေး ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး ဦးဆောင်သော ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်ဈေး တာဝန်ခံများ ပူးပေါင်းပါဝင်သော အဖွဲ့က ကျောက်တော် မြို့မဈေးကြီးအတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်(၉)ဆိုင်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်(၆)ဆိုင် စုစုပေါင်းဆေးပစ္စည်း အရောင်းဆိုင် (၁၅)ဆိုင်ရှိဆေးနှင့် ဆေးဆက်စပ် ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်း ချက်များနှင့် အညီရောင်းချရေး၊ ဈေးကွက်တွင် ဆေးပစ္စည်းများနှင့် အထောက်အကူပြု ဆေးပစ္စည်းများ အား သတ်မှတ် အရည်အသွေးများနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း