ချောင်းဆုံ ဩဂုတ် ၂၁
မော်လမြိုင်ခရိုင်၊ ချောင်ဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကြပ်မတ်စစ်ဆေး ခြင်းနှင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်(၈)နာရီက မြို့အဝင်တံတားထိပ်၊ ကညှော်ကျေးရွာ၊ ဟင်္သာအဝိုင်း၊ သက္ကောကျေးရွာနှင့် ရွာလွတ်ကျေးရွာရှိ လမ်းဆုံများ၊ ကမ္ဘောဇဘဏ်ရှေ့တို့တွင်မြို့နယ်လုံခြုံရေး ကိုဗစ်-၁၉ စစ်ဆေး ရေးအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူး၊ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေး အသိပညာပေးမှုများကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မိမိ မြို့နယ်အတွင်းသို့ (Stay at Home)မြို့နယ်များမှ ခရီးသွားများ မဝင်ရောက်စေရေး၊ ခရီးသွားအထောက်အထားများကို သေချာစစ်ဆေးခြင်း၊ မြို့နယ်အတွင်းပြင် ပမှ ဝင်ထွက်လာသူများ/ထွက်ခွာသူများနှာခေါင်းစည်းတပ်ဆင်မှုရှိ/မရှိ စစ်ဆေး ခြင်း၊ တပ်ဆင် ခြင်းမရှိပါက နှာခေါင်းစည်းပေးပြီး ဒဏ်ငွေ (၅၀၀)ပေးဆောင် စေကာတပ်ဆင်စေ ခြင်းနှင့် အဆိုပါကျေးရွာများတို့တွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များဖြင့်သော ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်သွား လာကြရန်၊ နှာခေါင်းစည်းမတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမပြုရန်၊ လူစုလူဝေး မပြုလုပ်ရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်မကြာခဏဆေးကြောရန်၊ မိမိတွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါ ကနီးစပ် ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ပြီး စစ်ဆေးကုသမှု ခံယူရန်စသည့် ကျန်းမာရေးဝန် ကြီးဌာနမှ ညွှန်ကြားချက်များအား လိုက်လံအသိပေးနှိုးဆော်မှုများဆောင် ရွက်ခဲ့ကြောင်းသိရှိ ရသည်။
ချောင်းဆုံ