ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၁၀၆၇၉)ဦးထိရှိပြီဖြစ်

ရွှေပြည်သာ   သြဂုတ်၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ရရှိမှု လုံးရေမှာ (၉၂၂၅)လုံးဖြစ်ပြီး သြဂုတ်လ(၁)ရက်နေ့မှ(၂၁)ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၆၅နှစ်နှင့်အထက် ဘိုးဘွား(၃၂၆၅)ဦး ကျန်းမာရေးဝန်ထမ်း (၆၇)ဦး၊ Volunteer(၆၃၈)ဦး၊ သံဃာတော်၊ သီလရှင်(၇၂၀)ပါး၊ ဘိုးဘွားရိပ်သာ(၇)ဦး၊ အချုပ်သား (၂၃)ဦး၊ နိုင်ငံ့ဝန်ထမ်း (၆၂၁)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၄၅၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၈၆)ဦး၊ စက်ရုံဝန်ထမ်း (၄၆၃၁)ဦး၊ (ဟိုတယ်၊မိုတယ်၊တည်းခိုခန်း) ဝန်ထမ်း (၆၆)ဦး၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်း   (၉၇)ဦး၊ စုစုပေါင်း (၁၀၆၇၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏လမ်းညွှန်မှုဖြင့် ကိုဗစ် -၁၉ ကော်မတီဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစုရပ်များ၌ ဦးစားပေးအုပ်စုများအလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham)ကို ပထမအကြိမ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့် ဆေးရရှိမှုပမာဏမှာ (၉၂၂၅ )လုံးဖြစ်ပြီးဆေးသုံးစွဲမှု ပမာဏမှာ (၅၃၅၃)လုံးနှင့်ကျန်ရှိနေသော ဆေးပမာဏကို ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်  ဦးစားပေး အုပ်စုများအလိုက် ထိုးနှံပေးသွားမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်နေသူများကို လည်း မြို့နယ်ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉နာရီမှ  မွန်းလွဲ ၂ နာရီအချိန်အထိ လာရောက်ထိုးနှံနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

အေးမိုး(ပြန်/ဆက်)