ဘူးသီးတောင်မြို့၌ မိုးရာသီကာလ "ရေဘေးအန္တရာယ်" ရွေ့ပြောင်းကယ်ဆယ် ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနားကျင်းပ

 

ဘူးသီးတောင် သြဂုတ် ၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှဦးဆောင်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက် စွာဆောင်ရွက်နိုင်ရန်အတွက်  ယနေ့နံနက်( ၈)နာရီအချိန်ကဘူးသီးတောင်မြို့ သင်္ဘောဆိပ်စု ရပ်နှင့် ပန်ဇင်းချောင်းတံတားအောက်စုရပ်ထားရှိ ကာ"ရေဘေးအန္တရာယ်" ရွေ့ပြောင်းကယ် ဆယ်ရေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင် ရွက်ရာ၌ မြို့နယ်မီးသတ်ဉီးစီးမှူးဦးထွန်းဝင်းနိုင်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊WDAB အနောက်တံခါးလူမှု ကူညီရေးအသင်း ဝင်များပူးပေါင်းပြီး သဘာဝဘေး အန္တရာယ်ကျရောက်လာပါက မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင် ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကိုအချိန်နှင့် တပြေးညီလျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအဖွဲ့မှ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများ နှင့်မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဉီးစီးဌာနမှဘေး ( ၈)မျိုးပါဝင်သောလက်ကမ်းစာစောင် (၅ဝဝ)စောင်တို့ကိုဖြန့်ဝေပေးခဲ့သည်။ သရုပ်ပြ အခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှုကော်မတီဉက္ကဋ္ဌ ဉီးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကာ ပြည်သူလူထုများကလည် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။