သာစည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

သာစည် သြဂုတ် ၂၁

သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေးအတွက် အောက်ဆီဂျင်စက် ထားရှိနိုင်ရေး စက်ရုံတည် ဆောက်ခြင်း  ပန္နက်တင်မင်္ဂလာအခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်က သာစည်မြို့၊ အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်ရှိ စက်ရုံဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် မိတ်ထ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုငစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီးသက်ထွဋ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်မင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရွှေနဂါးပဲခွဲစက်နှင့် စက်သုံးဆီအရောင်းဆိုင်မှ 100 KVA  ထရန်စဖော်မာနှင့်ဆက်စပ်ပစ္စည်းများ အလှုရှင် ဦးဘစံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံ တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်ဆီဂျင်စက်၊ ဒေါက်တာ အရှင်စန္ဓောဘာသ (Ph.D India)၊ သာသနာ့တက္ကမဟာဓမ္မာစရိယ၊ ကြာကန် ကျောင်းတိုက် ဆရာတော်က မြေနေရာ၊ ဦးဘစံ+ဒေါ်လဲ့လဲ့ထွန်းမိသားစု (ရွှေနဂါးပဲခွဲစက်နှင့် စက်သုံးဆီအရောင်းဆိုင်) က  100 KVA ထရန်စဖော်မာ နှင့်ဆက်စပ်ပစ္စည်းများ၊ ဦးကျော်ဆန်း+ဒေါ်ခင်မိမိ (အောင်သုခ ရွှေဆိုင် မိသားစု) က  စက်ရုံအဆောက်အဦး၊ ရန်ကုန်မြို့နေ ဦးလှမောင်ရွှေ+ဒေါ်တင်တင်ဦး မိသားစုက အုတ်တံတိုင်း  မျက်နှာစာဆယ်ခန်း ပါဝင် လှူဒါန်းထားရှိပြီး၊  အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် (၃၀x၅၀) ပေ Steel Structure Open Type အဆောက်အဦးအား  ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။