ပွင့်ဖြူမြို့နယ်အတွင်း မုန်းချောင်းအနီးကျေးရွာများ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိ သူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ     ဩဂုတ်     ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် အတွင်း မုန်းချောင်း အနီးကျေးရွာများမှ ဒေသခံကျေးလက် နေပြည်သူများ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်  ယမန်နေ့ နံနက် ၁၀ နာရီက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီး ကျေးရွာများ ဖြစ်သည့် ရွှေလှေကျေးရွာအုပ်စု ၊ ဖိုးပေါက်စုကျေးရွာ ၊  ဆည်မုန်းကျေးရွာအုပ်စု ၊ ဆည်မုန်းကျေးရွာနှင့် ခုံစုကျေးရွာသို့ သွားရောက်ပြီး  ကျေးလက်နေပြည် သူများ မိုးရာသီကာလ မုန်းချောင်းကမ်းပါး ပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍  မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမဖြစ်စေရေး သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး လူနေအိမ်  များနှင့် နီးစပ်လျက်ရှိသော မုန်းချောင်းကမ်းပါး ရေတိုက်စားပြိုကျမှုအခြေအနေ ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ 

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နယ်မြေအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက မုန်းချောင်း ရေစီးဆင်းမှုအခြေအနေနှင့် နှစ်စဉ်ကြုံတွေ့ရသည့် ကမ်းပါးပြိုမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထူးခြားမှု အခြေအနေရှိပါက သက်ဆိုင် ရာဌာ နများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့၍ အကူအညီရယူဆောင်ရွက်သွားရန်  ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )