ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောင်းကုန်း    ဩဂုတ်   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် စုရပ် ၅ နေရာဖြစ်သည့် အ.ထ.က(၁)၊  အ.ထ.က(၂)၊ အ. ထ.က ဒေါင့်ကြီး၊ ဝက်ချောင်းဘုန်းကြီးကျောင်း၊ အ.ထ.ကချောင်ကြီးတို့တွင် အသက် (၆၅)နှစ်အထက် ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ မြို့မဈေး အတွင်း ရှိ ဈေးရောင်းချသူများအား ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ကစ၍ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင်တို့ လိုက်လံကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ်အနေဖြင့် ယနေ့အချိန်အထိ စုရပ်(၅)နေရာမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးခဲ့သူ စုစုပေါင်း(၇၃၆၅) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ထွေ/ အုပ်ရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)