မိုးမောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးဆေးဆိုင်များအား စစ်ဆေးခြင်းဆောင်ရွက်

 

မိုးမောက်     ဩဂုတ်     ၂၁

ကချင်ပြည်နယ် ၊ဗန်းမော်ခရိုင်   မိုးမောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးဆိုင်များအား ဩဂုတ် ၂၁ ရက် နံနက် ၁၀နာရီခန့်တွင် လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးရာတွင် မိုးမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုမိုထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် အသွားအလာကန့်သတ်ခြင်းအား ရက်သတ္တပတ်(၂)ပတ် သတ်မှတ်ခဲ့ပြီး နောက် ဈေးကွက်တွင် ကူးစက်ရောဂါကာကွယ်ကုသရေးဆေးဝါးများ ၊ ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အခြားဆေးဝါးများ သတ်မှတ်ထားသည့် အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက် ရည်ရွယ်ပြီးမိုးမောက်မြို့အတွင်းရှိ ဆေးဆိုင်များအားလိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းထိုက် ၊ မြို့မရဲစခန်းမှ စခန်းမှူး ၊မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ပူးပေါင်း၍ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။