လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူကျေးလက်ကျန်းမာရေးဌာနတွင် မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ

လှိုင်းဘွဲ       ဩဂုတ်  ၂၁

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကျန်းမာရေးဆရာမများက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက် (၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်းနှင့် အသိပညောပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)