လေရှီး သြဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ယနေ့နံနက် ၉း၀၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ(၂)ခန်းမတွင် တတိယအသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးကို ဦးစားပေးအုပ်စု(၁၂)ခုတွင် ပါဝင်သည့် အသက် ၆၅ နှစ်အထက်၊ အစိုးရ၊ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ volunteer ၊ ပရဟိတ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းကြီး၊ သီလရှင်၊ ဘာသာရေးကျောင်း၊နိုင်ငံဝန်ထမ်း၊ဟိုတယ်၊ မိုတယ်၊တည်ခိုခန်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း၊ စျေးဆိုင်များအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ၄င်းကာကွယ်ဆေးကို ယနေ့ နံနက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီ ၊ နေ့လယ်၂း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအချိန်၌ သြဂုတ်၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆိုင်းသား