ပင်းတယ ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးများမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့် အညီအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုး ထုတ်ပေးရေးကို (၃-၅- ၂၀၂၁ မှ ၃-၁၁-၂၀၂၂) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာ တွင် အဆင်မပြေမှုများရှိပါက ပင်းတယမြို့နယ် အတွက် Call Center (09-459026683) နှင့်ရွာငံမြို့နယ် အတွက် Call Cener (09-790517527)သို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်းသိရသည်။
ပင်းတယ(ပြန်/ဆက်)