ဟိုပင် သြဂုတ် ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တစ်အုပ်တစ်မ သစ်ပင် စိုက်ပျိုးပွဲကို သြဂုတ် ၂၁ရက် နံနက် ၁၀နာရီက ဟိုပင်မြို့ မြဇေယျာရပ်ကွက် မီးရထားရပ်၀န်းပြင်ပရှိ မြို့ပိုင်မြေကွက်လပ်၌ စိုက်ပျိုးကြကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးပွဲတွင် ဟိုပင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင် ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်စုနိုင်မိုးနှင့် အသင်းအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး ဦးသိန်းကျော်နှင့်တပ်ဖွဲ့၀င်များက ကျွန်းပင် ၁၀၀ ပင်၊ ပျဉ်းကတိုးပင် ၁၀၀ ပင်တို့ကို စိုက်ပျိုး ပေးခဲ့ကြကြောင်း သိရှိရသည်။
တိုးတိုးမေ