ပန်းတနော်မြို့၌ အောင်သပြေ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံတည်ဆောက်ပြီးစီး၍ ဖွင့်လှစ်

ပန်းတနော်  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် ရန်ကုန်- ပုသိမ်ကားလမ်းဘေး လူမှုကူညီရေးအသင်းရုံးတွင် တည်ဆောက်ထား​သည့် အလှုရှင်ဦးအောင်ထွန်း (အောင်သပြေကုမ္ပဏီ)မှလှူဒါန်း​သည့် အောင်သ​​​ပြေအောက်ဆီဂျင် စက်ရုံဖွင့်ပွဲအား ကိုဗစ်- ၁၉  စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​ထွေးနှင့်တာဝန်ရှိသူများ ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ် နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့နယ်ဆေးရုံအုပ်ကြီး ​ဒေါက်တာ​အေးမင်းသန်းနှင့်တိုက်နယ်ဆရာဝန်များ၊ အောက်ဆီဂျင် စက်ရုံ အလှူရှင် ဦးအောင်ထွန်းမိသားစု၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက တက်​ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ၄င်းအောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံတွင် တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၆ လုံးထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ခန့်မှန်းအောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ ကျော်ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အောက်ဆီဂျင်စက်ရုံမှ ရရှိလာသော အောက်ဆီဂျင်အိုးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဦးစားပေး ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းလုံလောက်မှုရှိလာပါက ပထမဦးစားပေးအနေဖြင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသော ခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် နီးစပ်ရာ မြို့နယ်များမှ ဆေးရုံများသို့ စနစ်တကျ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်ထံမှ  သိရသည်။

ထို့နောက် အလှူရှင်မိသားစုတို့မှ ကျန်းမာ​​ရေးဝန်ထမ်း ၇၅ ဦး၊ လူနာ ၁၆၀ ဦး၊ ချို့တဲ့နွမ်းပါးသူ ၄၅ ဦးတို့အတွက် တစ်ဦးလျှင် ဆန် ၆ ပြည်၊ဆီ ၁ ပုလင်း၊ကြက်သွန်နီ ၂ ပိသာ၊ ကုလားပဲ ၁ ပိဿာ၊ကြက်ဥ ၁၀ လုံး၊ ​ငွေ ၁၀၀၀၀ ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၀၀ခန့်အား လှူဒါန်းပေးခဲ့ပြီး တိုက်နယ်​ဆေးရုံ ၄ ခုအတွက် ​အောက်စီဂျင် ၄၀ လီတာအိုးအစုံ  ၃ လုံးစီ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)