ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတ အဖွဲ့အစည်းများနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် ဒုတိယအကြိမ်သင်တန်းဖွင့်လှစ်

 

 

ထားဝယ် သြဂုတ် ၂၁

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိပိုးတွေ့လူနာစောင့်ကြည့်ရေးစင် တာများတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် ဒုတိယအကြိမ်သင် တန်းကိုယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက  လူငယ်များစုစည်းပြီး ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့မြင်ရကြောင်း၊ ပရဟိတလုပ်ငန်းများတွင် စည်းမျဉ်း စည်းကမ်းများကို သင်တန်းတွင် သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ပရဟိတလုပ်ငန်းဆောင်ရွက်နေသော လူငယ်များကို အားပေးဂုဏ်ပြုကြောင်း၊ ကိုဗစ်ပိုး တွေ့လျှင်ကုသရမည်ဖြစ်ပြီး ရှက်စရာ၊ ကြောက် စရာ၊ အားငယ်စရာမလို ကြောင်း၊ ပြည်သူများကိုအသိပညာပေး ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအထောက် အကူပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်လူနာများကို သနားကြင်နာလူမျိုးဘာသာမခွဲ ခြားပဲ ဖေးမကူညီရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါအဆင်ပြေစွာ ကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင် ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

သင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦး အား    ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြု ဘာသာရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ ၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိသင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်