မုံရွာ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးအတွက် (၄၀) လီတာဆန့် အောက်ဆီဂျင်အိုးနှင့် Flow မီတာများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ညနေ(၃)နာရီက မုံရွာမြို့ စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခ့ကြောင်းသိရသည်။
အခမ်းအနားတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး အောက်ဆီဂျင်အိုးအလှူရှင် ဘိုမြင့်သူနှင့် ဟော်နွန်ဖရဲ/ သခွါးစိုက်ပျိုး ရေးကုမ္ပဏီဒါရိုက်တာ ဦးသီဟဆွေကလှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေး နွေးသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်တင်မိုးက ကုမ္ပဏီဒါရိုက်တာ ဦးသီဟဆွေမှ လှူဒါန်းသည့် အောက်ဆီဂျင်အိုးနှင့် Flow မီတာများကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး လှူဒါန်းရရှိသည့် အောက်ဆီဂျင်အိုးများကို လူမှုကူညီရေးအသင်း အဖွဲ့များသို့ ချက်ခြင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိန်လင်း