ကျောက်ဆည်မြို့ မင်းရပ် ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း တူးဖော်ပေး

 

ကျောက်ဆည် ဩဂုတ်၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ကျောက်ဆည်မြို့ သန့်ရှင်းသာယာ လှပစေရေးအတွက် ရပ်ကွက်များ၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ တူးဖော်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မင်းရပ်ရပ်ကွက်အတွင်းရှိ အ.ထ.က(၂) ကျောင်းလမ်း တွင် ယနေ့နံနက်ပိုင်းက ရေနုတ်မြောင်းတူးဖော်ပေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေနုတ်မြောင်းတူးဖော်ရာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၈.၂၈)ကျပ်သန်းဖြင့် စက်ယန္တယား များအသုံးပြုကာ အရှည်(၅၀၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ပေရှိ ရေနုတ်မြောင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူ တူးဖော်ပေးလျက်ရှိရာ ရာခိုင်နှုန်း (၅၀)ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရှိ ရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့ဦး အမှတ်(၁)လမ်း၊ အေးမြကြည်လင်ဈေး၊ ဖောင်ရွာရပ်ကွက်ဝေဘူလမ်း၊ မင်းရဲမြောင်းလမ်း၊ ကြက်မင်းတွန်ရပ်ကွက် သရဖီလမ်း၊ ဈေးတန်းရပ်ကွက် မြို့မဈေးလမ်း၊ မင်းရပ်ရပ်ကွက် အ.ထ.က(၂)ကျောင်းလမ်း၊ ပေါက်တောရပ်ကွက် အမှတ်(၁)နှင့် အမှတ်(၂)လမ်း၊ ဆူးကုန်းရပ် ကွက် လမ်းများ ရေစီးရေလာကောင်းမွန်ပြီး မြို့သန့်ရှင်းသာယာလှပနေစေရေး ရေနုတ်မြောင်း များ တူးဖော်ပေးသွာမည်ဖြစ်ကြောင်း ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရှိရ သည်။

သက်မောင်