ပန်ဆောင်မြို့ အထက်ရပ်ကွက်တွင် သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေး

 

 

ပန်ဆောင် သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အထက်ရပ် ကွက်တွင် တင်ဒါအောင်(မာလာတောင်)ကုမ္ပဏီအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ရပ်ကွက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ၊ယခင်ကစိမ့်စမ်းရေများမှ ပိုက်များဖြင့်သွယ်ပြီး အသုံးပြုလျက်ရှိခဲ့ရာ (မာလာတောင်)ကုမ္ပဏီမှ ရေစုကန်ဖြင့် စနစ်တကျ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးရူစံဂျူထံမှ သိရသည်။

 

အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းတွင် အရှည် (၅)မိုင်ရှိ ရေပိုက်သွယ် တန်းခြင်းလုပ်ငန်း ၊(အလျား ၁၂ပေ၊အနံ ၂ပေ ၆လက်မ၊ အမြင့် ၄ပေ)ရှိ ရေတာတမံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ (၂၀၀၀၀)ဆံ့ရေစုကန်(၁)ကန်၊ ဂါလံ(၅၀၀၀) ဆံ့ရေစုကန်(၃)ကန်တည်ဆောက်ခြင်းစသည့် စိမ့်စမ်းရေသွယ်တန်း ခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ နတလပြည်ထောင်စုရန်ပုံငွေကျပ်သန်း (၁၀၆ .၆၅၇)ဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းကို ဇွန်(၁)ရက်နေ့မှစတင်

လုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်လုပ်ငန်းအားလုံး၏ (၈၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်းနှင့် ယခုလအတွင်းအထက်ရပ်ကွက် အိမ်ခြေ(၂၀၅)အိမ် တွင်ရေရရှိရေး အတွက် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဂျာယော်