ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး​ကော်မတီ အစည်းအဝေးကျင်းပ

ချောက် ဩဂုတ် ၁၉

           မ​ကွေးတိုင်း​ဒေသကြီး၊  ချောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်​နေ့ ​ည​နေ၄နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

           ​ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ​ချောက်မြို့ နယ်မြို့အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ကိုဗစ်စင်တာတွင်တာဝန်ကျသည့် အလှည့် ကျဝန်ထမ်းများ၊ ကြက်​ခြေနီ၊​စေတနာဝန်ထမ်းတို့အား ပံ့ပိုး​စောင့်​ရှောက်မှု၊ ကိုဗစ်စင်တာတွင်​ပိုး​တွေ့နေထိုင်သူတို့ကို ချောက်မြို့​သွေး​မေတ္တာအသင်းမှ​ နေ့စဥ်​ကျွေး​မွေး​စောင့်​ရှောက်မှု၊ ကိုဗစ် ကာကွယ်​ဆေးထိုးနှံပြီးစီးမှုနှင့် ကာကွယ်​ဆေးထိုးရန် ကျန်ရှိ​​နေ​သေး​သော အ​ခြေအ​နေများ၊ ကိုဗစ်-၁၉​ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်​ရေး​အတွက် ချောက်မြို့မ​စျေး ၃ရက်ဖွင့်၃ရက်ပိတ်ထားရှိမှုများ၊ မြို့ဝင်မြို့ထွက်ဂွေးချိုဂိတ်၊ ရွှေပုံတောင်စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ချထားမှုနှင့် လုံခြုံ​ရေးကိစ္စများ၊ နေအိမ်အပြင်ထွက်တိုင်းနှာ​ခေါင်းစည်းတပ်ရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနက မြို့နယ်တွင်းလှည့်၍နှိုးဆော်ရန်နှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တက်​ရောက်လာသည့်ဌာန ဆိုင်ရာများမှ ကိုဗစ်-၁၉​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့နှင့် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့သည်။

        အဆိုပါအစည်းဝေးသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဗိုလ်မှူးတင်ထွန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးစိုးစိုး၊ ဌာနဆိုင်ရာ​ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်​ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး