ခန္တီး ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ နံနက် (၉)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုး နှံခဲ့ရာ စစ်ဗျူဟာအခြေချ (ခန္တီး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြည့် ရှုအားပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် သာသနာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များ စုစုပေါင်း (၁၀၀)ဦးကို အမှတ်(၁၄)တပ်မတော်ဆေးရ (ကုတင်-၂၅)မှ ဗိုလ်မှူးအောင်ပြည့်ဖြိုးက ဦးဆောင်၍ထိုးနှံ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇိုင်း