မိုင်းဖြတ် ၊ သြဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံမှ စျေးတန်းပရိယတ္ထိစာသင်တိုက်ရှိ ဝါဆိုဝါကပ်တော်မူသော ရဟန်း၊ သံဃာတို့အတွက် ဆွမ်းဆန်၊ ဆီနှင့်ပဲ များဆက်ကပ်လှူဒါန်းခြင်းကို သြဂုတ်လ၁၉ရက် နံနက်၉နာရီအချိန် ခန့်ကသွားရောက် ဆက်ကပ် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ စျေးတန်းပရိယတ္ထိစာသင်တိုက် မြို့နယ်သံဃာနာယကဆရာတော် ဦးဓမ္မပါလထံ ပရိတ်သတ် များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ အောင်နှင့် အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်း ညွှန့်ဆွေနှင့်ဝန်ထမ်းများ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှဝန်ထမ်းများက စျေးတန်း ပရိယတ္ထိ စာသင်တိုက်ရှိ ဝါဆိုဝါကပ်တော်မူသော သံဃာ၄၈ပါးအတွက် ပေါ်ဆန်းမွှေး ၁၂ပြည်ပါ ၁၀အိတ်၊ ဆီ၁၂ပိသာ၊ ပဲ၂၄ပိသာတို့ကို စျေးတန်းပရိယတ္ထိစာသင်တိုက် ဆရာတော် ဦးဓမ္မပါလနှင့် သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး