ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊မရှိကွင်းဆင်းစစ်ဆေး

ပလောက် ဩဂုတ် ၁၉ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူဝယ်သူအားလုံး (Msak) နှာခေါင်းစည်းများအား မဖြစ်မနေကြတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် ၊ မကြာခဏလက်ဆေး ကြရန်နှင့် နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် အခြား ကုန်ပစ္စည်းများရောင်းသောဆိုင်များကို  ယာယီပိတ်ထားကြရန်တို့ကို အသိပညာပေး ပြောကြား ခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက် ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း  သိရသည်။

နှင်းမြူလွင်(ပလောက် ပြန်/ဆက်)