ဒေးဒရဲ ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ၏ စားဝတ်နေရေး အတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ ကိုဗစ်-၁၉ကာလအတွင်း ဧည့်မထဆန်များကို တစ်ပြည်လျှင် ၁၀၀ဝိ/- ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်မထဆန်များကို ဒေးဒရဲမြို့နယ် မြန်မာနိုင်ငံဆန်စက်ပိုင်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများကို ဈေးနှုန်းချိုသာစွာဖြင့် ဩဂုတ်လ ၁၇ ရက်မှ ၂၆ ရက်အထိ ရောင်းချပေး သွားမည်ဖြစ်ပြီး ဆန်းများရောင်းချပေးနေမှုကို ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုကြီးကြပ်ခဲ့ကြောင်း သတင်းရရှိသည်။
အေဇာလင်း