ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

ရှင်ဗွေယန် ဩဂုတ် ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ရှင်‌ဗွေယန်မြို့အတွင်းရှိ မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာတို့မှ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ရပ်ကွက်(၃)အတွင်းရှိ အမကစာသင်ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm)အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် (၂)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး ရှင်ဗွေယန်မြို့အတွက် ဆေးအလုံးရေ(၅၀)လုံး ရရှိပြီး လူဦးရေ(၁၀၀)ဦး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကောင်းကျိုးများကို ရှင်ဗွေယန်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သီတာက  ရှင်းလင်း ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့်   အသက်(၁၈)နှစ်အထက်    ပြည်သူများအား ကာကွယ်ဈေးထိုးနှံခြင်း မပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)