ဆီဆိုင်မြို့၌ (10)Litre Oxygen Concentrator တစ်လုံးလှူဒါန်း

ဆီဆိုင်  ဩဂုတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌  ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာများအတွက် အောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက အဆင်ပြေစွာ ကျန်းမာရေး စောင့်ရှောက် ကုသ ပေး နိုင်ရန်  (10)Litre Oxygen Concentrator တစ်လုံးကို ယနေ့ နံနက် ၁၁နာရီခန့်က ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင် မိသားစုမှ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနေ ခွန်ဝင်းမင်းသိန်း+နန်းငြိမ်းချမ်း မိသားစုက တန်ဖိုးငွေကျပ် (၁၃၀၀၀၀၀) တန်ဖိုးရှိသည့် (10)Litre Oxygen Concentrator တစ်လုံးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။