ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅) နှစ်နှင့်အထက် အဘိုးအဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုဝင်များ၊ Volunteerများ အကျဉ်းသားများအား ရန်ကင်းမြို့နယ်အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရား စေတီဝင်းအတွင်းရှိအရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် Sinopharm အမျိုးအစား ကိုဗစ်−၁၉ Vaccine ကာကွယ်ဆေးထိုးနှံပေး မှုများအား သြဂုတ်လ(၃)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ပြီး ယမန်နေ့အထိ ဆေးထိုး နှံပြီးစီးမှုမှာသက်ကြီးဘိုးဘွား(၂၂၈) ဦး၊ Volunteer(၄၀) ဦး၊ နိုင်ငံဝန်ထမ်း( ၁၈၀) ဦး၊ နိုင်ငံဝန်ထမ်းမိသားစု ၃၄၉) ဦး၊ အကျဉ်သား(၃) ဦး၊ စုစုပေါင်း(၈၀၀) ဦးထိုးနှံပေးခဲ့ပြီး ရန်ကင်းမြို့နယ်အနေဖြင့် ပထမအသုတ် ဆေးရရှိမှု အလုံးရေ(၈၀၀) ဖြစ်ပြီး ဆေးထိုးနှံမှုအတွက် ဆေးလုံး (၄၀၀)အသုံး ပြုခဲ့ပြီး ကျန်ရှိဆေးအလုံး(၄၀၀) အားဆေးထိုးရန် ကျန်ရှိသည့်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့်ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိသည့်အပေါ် မူတည်၍ ဦးစားပေး အဆင့်အလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသည့် အဘိုးအဘွားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး၊ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြနီ အသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်
လှလှထွေး