မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်သို့ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့

ကံမ  ဩဂုတ်  ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်အိုးများနှင့်  ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ         မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ကိုထွန်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့ နေ့လယ်က လွှဲပြောင်းပေးအပ်ခဲ့သည်။

ကံမမြို့နယ်အတွင်း ဆေးရုံများတွင်  ကိုဗစ်-၁၉ ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်သည့်     လူနာများအတွက် အောက်ဆီဂျင် လုံလောက်မှုရရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကံမမြို့နယ်သို့  အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၂၀ နှင့်  ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြာင်းသိရသည်။

ကျော်ဇေယျဝင်း