စေတုတ္တရာ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသရေး ဆေးဝါး၊ ပစ္စည်းများနှင့် အထောက်အကူ ပြုပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး တို့အတွက် ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး ကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ် မတ်ရေး အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ အနေဖြင့် ဆေးဝါး ရောင်းချရာတွင် ကိုဗစ် စည်းကမ်းများနှင့်အညီ ရောင်းချစေရေး၊ ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချရေးနှင့် နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။