အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်လှူဒါန်း

သိန္နီ      သြဂုတ်   ၁၈

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှသိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့သည်။

ထိုသို့  လှူဒါန်းရာတွင်  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ သိန္နီမြို့နယ်ပြည်သူ့ဆေးရုံသို့  ပေးအပ်လှူဒါန်း သောအောက်ဆီဂျင်(၄၀)လီတာဆန့်(၂)လုံး၊ ပိုးသတ်ဆေး(၅)ဂါလံ(၁)ပုံး၊ Hand Gel(၃၀)ဘူး၊ နှာခေါင်းစည်း  (Mask)(၂၀၀၀)ခု၊ Glove(လက်အိတ်)(၂၀၀)ခု၊ PPE(၅၀)စုံ၊ level 2(Gown)(၅၀)ထည် Multivitamins (အားဆေး)(၁)ဘူး၊Paracetamol(၁၀၀လုံးပါ)(၁၀)ဘူး၊ O2 Slinder(40l) တွန်းလှည်း(၁)ခုတို့အား ရတစကခ(၁၇) မှ  စစ်ဆင်ရေးကွပ်ကဲရေးမှုး   ဗိုလ်မှူးချုပ်   မျိုးမင်းသန်းနှင့်   တာဝန်ရှိသူများက   သိန္နီမြို့နယ်  အုပ်ချုပ်ရေးမှူး  ဦးနေလင်းထွန်းနှင့် သိန္နီမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မိုးအောင်လက်ဝယ်သို့  ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရှိရသည်။

 အိဇာချို(ပြန်/ဆက်)