လားရှိုးမြို့ရှိ သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်နှင့် စားသောက်ကုန် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း

လားရှိုး ဩဂုတ် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ စားသောက်ကုန်လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က သီလရှင်ကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်(၁၉) တတိယလှိုင်း ကာလတွင် အဆိုပါ သီလရှင်ကျောင်းများတွင် ဆွမ်းခက်ခဲမှု မရှိစေရေးအတွက် ရည်ရွယ်၍ လားရှိုးခရိုင်ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်များသို့အရောက် ပေးအပ်လှူဒါန်းရာ၌ လားရှိုးမြို့ ဇေယျာသီရိ သီလရှင်ကျောင်းနှင့် သာသနာအလင်းရောင် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် (၄)အိတ်၊ ဘီစကစ်မုန့်(၇)ဖာနှင့် ပဲနို့(၅)ဖာတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် လားရှိုးခရိုင်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ဝင်မြို့ထွက်ရှိ ကိုဗစ်(၁၉) ရောဂါ စစ်ဆေးရေးဂိတ်များတွင် တာတန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများအား ဘီစကစ်မုန့်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဥမ္မာချို