လောင်းလုံး သြဂုတ် ၁၇
တနင်္သာတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ကိုဗစ်-၁၉ ကာလအတွင်း ဆေးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်း မှန်ကန်စေရေး၊ ကိုဗစ်−၁၉ လမ်းညွှန်ချက်နှင့်အညီ ရောင်းချနိုင်ရေး ရည်ရွယ်၍ ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် တာ၀န်ရှိသူများက မြို့အတွင်း ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် စျေးရောင်းသူ၊ ၀ယ်သူများအနေဖြင့် ကိုဗစ်−၁၉ လမ်းညွှန်ချက်အတိုင်း ရောင်းချရန်၊ စျေးကွက်အတွင်း စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည် အသွေးနိမ့်ပစ္စည်းများ ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
လောင်းလုံး( ပြန်/ဆက်)