မရမ်းကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးစတင် ထိုးနှံပေးလျက်ရှိ

 

မရမ်းကုန်း သြဂုတ် ၁၇

ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၁..၂၀၂၁ ရက်နေ့မှ စတင်ကာအသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ် (၃) ရပ်ကွက်ရှိ အမျိုးသားပြန်လ ည်သန်စွမ်းရေး ဆေးရုံး၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးစတင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ် -၁၉ စည်းကမ်းများနှင့် အညီစနစ်တကျ ဆေးထိုးနိုင်ရန်နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ်ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန် ထမ်းများအပြင် သာသနာ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။