သာစည် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ် ဟံဇားတိုက်နယ်ရှိကျေးရွာများမှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဩဂုတ် ၁၇ ရက်နံနက် ၉ နာရီက တမာကုန်း အ ထ က ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိ ကြောင်းသိရသည်။
တမာကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စုနှင့် ညောင်အိုင်ကျေးရွာအုပ်စုများမှ ဒေသခံများအား ဒုတိယရက် ဆက်လက်ထိုးနှံခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် Volunteer များပူးပေါင်း၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းနှင့် သွေးပေါင်ချိန်ခြင်းများကို ဆောင်ရွက်ပြီး စနစ်တကျထိုးနှံပေးကာ ဆေးထိုးနှံပြီးသူများ နာရီဝက်နားနေနိုင်ရန်နေရာများဆောင်ရွက်ထားရှိ ခြင်းများ၊လုံခြုံရေး ဆောင်ရွက်ထားမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက နေ့စဉ်သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။သာစည်မြို့နယ်တွင် ဇူလိုင် ၃၁ ရက်က စတင်၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၁၆ ရက်ထိကာကွယ် ဆေးထိုးနှံပြီးသူ ၆၈၀၈ ဦးရှိကြောင်းသိရသည်။
ဦးထွန်းထွန်း