မိုင်းယန်း ဩဂုတ် ၁၇
သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကျရောက်လာပါက ပြည်သူများအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့်ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် လာစေဖို့အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရန်မျိုးအောင်က ရာသီဉတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်တပ်ဖွဲ့အင်အား၊ လူ၊ ယာဉ်၊ စက် အကုန်လုံးသင့်လေးသင့်ဖြစ်အောင် အမြဲတမ်း ဆောင်ရွက်ထားပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့အင်အား(၃၅)ဦး၊ မီးငြိမ်းသတ်ယာဉ်(၂)စီး စီစဉ်ထားရှိပါကြောင်း၊ မိတ်ဖက် အင်အားများအဖြစ် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပါကြောင်း၊ မိုင်းယန်းမြို့နယ်အတွင်းရှိ သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းခွင်ကိုစနစ်တကျ စီမံချက် ရေးဆွဲထား ပါကြောင်း၊သာမန်အချိန်ဆောင်ရွက်ခြင်း၊ အရေးပေါ်အချိန်ဆောင်ရွက်ခြင်း၊ အရေးကြီးတဲ့အချိန် ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင် ခြင်းနှင့် တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားအောင် အမြဲတမ်းလေ့ကျင့်ခြင်း၊ စုဖွဲ့ခြင်းအနေအထားကတော့ အရေးပေါ်ဖြစ်လာရင် ချက်ချင်းသွားနိုင်အောင် လူစာရင်းကို ပြုစုထားပါကြောင်း၊ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သဘာဝဘေးအန္တရာယ် ဖြစ်လာရင် အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အားလုံးကို အမြန်ဆုံးရောက်ရှိနိုင်အောင် စုရပ်နေရာသတ်မှတ်ထားပါကြောင်း၊ လုပ်ငန်းသုံး ယာဉ်များ အသင့်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် ရုံးမှာအမြဲတမ်း လေ့ကျင့်ပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေနဲ့ မီးငြိမ်းသတ်ရေးလုပ်ငန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် စနစ်တကျမြင့်မားစွာ ကာကွယ်၊ ကူညီ ကယ်ဆယ်ဆောင်ရွက်နိုင်ရေး ဒေသအတွင်းရှိ လုပ်သားပြည်သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန်တုန့်ပြန် ဆောင်ရွက်နိုင်ရေး ရှာဖွေရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လေ့ကျင့်ခြင်း၊ အားနည်းချက်ရှာဖွေခြင်း ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်အတွက် ပြည်သူကို အလုပ်အကျွေးပြုသော တပ်ဖွဲ့တစ်ခုနှင့် ပြည်သူလူထုက ယုံကြည်အားကိုး ရသော မီးသတ်တပ်ဖွဲ့ တစ်ခုဖြစ်အောင် လုပ်ငန်းအောင်မြင်သည်အထိ အမြဲလေ့ကျင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး