မိုးညှင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign)ပြုလုပ်ခြင်းနှင့် အသိပညာပေးနှိုးဆော်ချက်များအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

 

 

မိုးညှင်း ဩဂုတ် ၁၇

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာ သဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign)ပြုလုပ်ခြင်းနှင့် အသိပညာပေးနှိုးဆော်ချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့်လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မိုးညှင်းမြို့အတွင်းရှိ လူနေအိမ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာ များတွင် ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ထွက် ခွာပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂ဝ)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ တတ်နိုင်သမျှလူစုလူဝေးရှိသော နေရာများကိုသွားလာခြင်းမှ ရှောင်ကြဥ်ကြရန်၊ တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံရာတွင်အနည်းဆုံးခြောက်ပေအကွာတွင်ပြောဆိုဆက်ဆံကြရန်၊ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးကာကွယ်တား ဆီးထိန်းချုပ်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် မိဘပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန်နှင့် အထက်ပါစည်းကမ်းချက် များကို ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရအ ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည့် အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက် ဖြင့်လှည့်လည်၍ အပတ်စဉ်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဒုတိယရဲမှူးကြီးလှိုင်မျိုးဦး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများ အား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်