ဟုမ္မလင်း သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင် ကျော်သည် သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာ့လေကြောင်းဖြင့် မုံရွာမြို့မှဟုမ္မလင်းမြို့သို့ရောက်ရှိပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် ဟုမ္မလင်းမြို့မှ နမ့်တောကျေးရွာသို့ သွားရောက်ပြီး ဥရုရှမ်းနီအဖွဲ့နှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံကပန်းခင်းစီမံချက်နှင့်အညီနိုင်ငံသားစစ်ဆေးရေး ကတ်ပြား ဆောင်ရွက်ပေး ရန်ပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းရင်းသားရေးရာဝန်ကြီးသည် သြဂုတ်လ ၁၅ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာသို့အမြန်ရေယဉ်ဖြင့်သွားရောက်ပြီး အုပ်ချုပ်ရေးမှူးရုံးတွင် ဌာန ဆိုင်ရာ ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရပ်မိရဖများ ဒေသခံပြည်သူ များနှင့်တွေ့ဆုံပြီး မှတ်ပုံတင် မပြုလုပ်ရသေးသူများ မှတ်ပုံတင်ပြုလုပ်ကြရန် ပန်းခင်းစီမံချက်အား အကောင်အထည် ဖော်ဆောင်ရွက်ကြရန် လမ်းညွန်မှာကြားပြီး သောင်သွပ်ကျေးရွာ အထ ကကျောင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ ထားရှိကုသဆောင်ရွက်ပေးလျက်ရှိသော ကုသရေးစင်တာသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဝန်ကြီးသည် ရွှေပြည်အေးမြို့သို့သွားရောက်ပြီး မြို့အုပ်ချုပ်ရေး မှူးရုံးတွင် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့်တွေ့ဆုံပြီး ပန်းခင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက် ရန်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရွှေပြည်အေးမြို့ တိုက်နယ်ဆေးရုံရှိ ကိုဗစ်ပိုးတွေ့လူနာများ ကုသရေး စင်တာသို့ သွားရောက် အားပေးကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီးသည် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် ဟုမ္မလင်းမြို့မှ မော်လိုက်ခရိုင် ဖောင်းပြင်မြို့သို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီးဟုမ္မလင်းမြို့သို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)