ချောက် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင်အကြောင်းအမျိုးမျိုးကြောင့် အောက်ဆီဂျင်လို အပ်လျက်ရှိသော ဒေသခံပြည်သူများအတွက် မိမိမြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်မှု အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ဌာနဆိုင်ရာများပူးပေါင်း၍ ချောက်မြို့ အမှတ်(၁၅)ရပ်ကွက် မြေနီကုန်းရပ် မနောဖြူလူမှုကူညီရေးအသင်းဝန်းတွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာအောက်ခံဖောင်ဒေးရှင်းလိုင်းမြေကျင်း ကျောက်ကြီးစီအဆင့်သို့ ရောက်ရှိ ပြီဖြစ်ကြောင်း သိရသည်။
ယင်းတည်ဆောက်မည့် အောက်ဆီဂျင်စက်အမျိုးအစားမှာ တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် 50 m3 ၊ 40 Containner Oxygen Plantအမျိုးအစားဖြစ်၍ တစ်ရက်လျှင် လီတာ ၄၀ဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၀၀ လုံးထွက်ရှိကြောင်း၊ ချောက်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း ၁၀၀၀၊ ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေး မှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက လှူဒါန်းသည့် အလှူငွေကျပ်သိန်း၅၀၀တို့ကို အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ ဌာနဆိုင် ရာများပူးပေါင်း၍ အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကိုဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး