မိုးနဲ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အနေဖြင့် ၂၀၂၁-ခုနှစ် မိုးရာသီအတွင်း မိုးစပါး (၉၅၉၅) ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ဒေသမျိုးစပါးမျိုးကို အများအပြားစိုက်ပျိုးလျက် ရှိကြောင်း၊ မျိုးကွဲစပါးများဖြစ်သည့် ရွှေရင်အေး၊ DU-12 စပါးမျိုးနှင့်ပေါ်ဆန်းစပါးများကိုလည်း အနည်းငယ် စိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်းရှိ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ၊နားခံကျေးရွာ အုပ်စု ၊မိုက်ဟိုင်းကျေးရွာအုပ်စု ၊နောင်မြိုင်း ကျေးရွာအုပ်စု နှင့်ဝမ်ဟေကျေးရွာအုပ်စုတို့တွင် မိုးစပါး လယ်ဧကပေါင်း (၈၇၁၅)ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးဇော်မော်ဦး ထံမှသိရှိရသည်။
မိုးနဲမြို့နယ်အနေဖြင့် ယခုလကုန်တွင် လျာထားချက်ပြည့်မီအောင်စိုက်ပျိုး နိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်း မိုးစပါးယာဧက (၁၃၆၈)ဧက နှင့် မိုးစပါး တောင်ယာ (၁၁၁)ဧကမှာ စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းနှင့် မျိုးစေ့ထုတ် အနေဖြင့် DU-12 မျိုးစပါး (၁၀) ဧကနှင့် ရွှေရင်အေးမျိုးစပါး (၂၅)ဧက ကိုစမ်းသပ်စိုက်ပျိုး ထားရှိကြောင်းသိရသည်။
မျိုးညွန့်ရွှေ