ဇလွန်​မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရူ့

 

 

ဇလွန်       သြဂုတ်     ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေ သည့်ကာလအတွင်း ဒေသတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများသည်ဘဲမွေးမြူရေး ၊ နို့စားနွားမွေးမြူရေး နှင့် မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှုတို့အား ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကွင်းဆင်း ကြည့်ရူ့ခဲ့ကြသည်။

 

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ကျုံကော့ကျေးရွာအုပ်စု ဦးသန့်ဇင်လင်း၏ ဘဲမွေးမြူရေးခြံ၊ ဇော်ဂျီကွင်းကျေးရွာအုပ်စုကို နေအောင်၏နို့စားနွားမွေး မြူရေးခြံ ၊ မေရီလန်းကျေးရွာအုပ်စု တောင်သူဦးဝင်းမြင့်ဦး၏ ကွင်းအမှတ် ( ၁၈၄၁ ) တွင်မိုး စပါးမျိုးစေ့ထုတ်စိုက်ခင်း ( ၈ )ဧက စိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းကြည့်ရူ့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝေယံ