ပင်းတယ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့ ပုန်းတလုတ်ရေကန်တောင်ဖက် ဘေးပတ်လမ်းအား လမ်းချဲ့ထွင်ခြင်းနှင့် ကတ္တရာထပ် ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မူလပထမလမ်း ၁၂ ပေကို ၃ ပေ ချဲ့ထွင်ခြင်း၊ လမ်းပေအရှည်(၁၀၃၀)ကို ၉ လက်မထုကတ္တရာ ထပ်ပိုးလွှာခင်းခြင်းဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် ၄၁၃ သန်းဖြစ်၍ နောင်တွင် မြို့တွင်းလမ်းများအား နိုင်လွန်ကတ္တရာ လမ်းခင်းမည့် အစီအစဉ်များရှိခြင်းဖြစ်၍ ကြိုတင်ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။