မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရှိသူ(၆၆၆) ဦးရှိ

မုဒုံ သြဂုတ် ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၆၆၆)ဦး ရှိပြီဖြစ်ကြောင်း မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

မုဒုံမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှစ၍ သြဂုတ်လ ၁၅ ရက်နေ့အထိ ကို-ဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၇၉၅ ဦးရှိရာ အတည်ပြုလူနာများအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးဆေးရုံမှ ဆင်းခွင့်ရရှိသူ(၆၆၆)ဦးရှိကြောင်း၊ မြို့နယ် အတွင်း ပြည်သူ့ဆေးရုံတွင် (၃၅)ဦး၊ ဘဲရမ်းကျေးရွာမိုးကုတ်ဝိပဿနာ ကျောင်းတိုက်တွင် (၃၅)ဦး၊ ကျိုက်သီခန်းမတွင်(၂)ဦး စုစုပေါင်းဆေးဝါးကုသမှုခံယူနေသူ (၇၂)ဦး၊ မော်လမြိုင်မြို့ Isolation Ward 2 တွင် ဆေးဝါးကုသခံယူနေသူ (၁၉)ဦးနှင့် သေဆုံးသူ (၃၈)ဦး ရှိပြီဖြစ်ကြောင်း မုဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှာခေါင်း စည်း (Mask) စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်နှင့်မိမိပတ်ဝန်းကျင်တွင် ဖျားနာသူ များရှိပါကနီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံးသွားရောက်ပြသပြီး ဆေးဝါးကုသမှုများ ခံယူကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ မှ တိုက်တွန်းနှိုဆော်ထားကြောင်းသိရသည်။

 

အောင်မျိုးသူ